top of page

Testosterone Enanthate 250mg

Anabolic Property - 100
Androgenic Property - 100
Estrogenic Property - Moderate
Half Life - 7-8 Days
Active Life - 15-16 Days
အမျိုးအစား - ထိုးဆေး ( oil based )

ကောင်းကျိုးများ :

Testosterone သည် ကြွက်သားတည်ဆောက်မှုလှုံဆော်ပေးနိုင်သောဂုဏ်သတ္တိ နှင့် ယောက်ျားပီသသောသွင်ပြင်ကိုလှုံဆော်ပေးနိုင်သောဂုဏ်သတ္တိ မြင့်မာသော ဟော်မုန်းဖြစ်သည့်အတွက် အသုံးပြုသူကို ပိုမိုကြွက်သားတည်ဆောက်စေကာ သန်မာမှုကိုလည်းမြှင့်တင်ပေးသည်။ Testosterone Enanthate သည် Testosterone ကို Enanthate Ester ဟုခေါ်သည့်တည်ဆောက်မှုပုံစံဖြင့် ဖန်တီးထားသောကြောင့် ခန္ဓာကိုယ်တွင်ကြာမြင့်စွာအစွမ်းသတ္တိပြနိုင်သော Testosterone အမျိုးအစားဖြစ်သည်။ ထို့ကြောင့် သွေးထဲတွင် ကြွက်သားတည်ဆောက်မှုကိုလှုံဆော်ပေးနိုင်ဖို့လိုအပ်သော Testosterone ပမာဏရှိရန် တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်သာ ထိုးရန်လိုအပ်ပေသည်။ Testosterone Enanthate ကိုထိုးပြီး ၅ရက်ကျော်မှသာ ‌ထိုဟော်မုန်းပမာဏသည် သိသိသာသာကျသွားသည်။ သို့ပေမဲ့ မထိုးခင်ပမာဏဖြစ်သည့် baselineပမာဏကိုတော့ တစ်ပတ်ကျော်မှသာပြန်ရောက်ပေသည်။

Testosterone သည် ကြွက်သားတည်ဆောက်မှုအတွက် အရေးကြီးဆုံးဖြစ်သည့် နိုက်ထရိုဂျင်မျှခြေ အပေါင်းဘက် ( Postive Nitrogen Balance ) ကိုဖြစ်စေသည်။ Postive Nitrogen Balance ဖြစ်မှသာကြွက်သာများပျက်စီးမှုကိုပြန်လည်ပြင်ဆင်နိုင်ခြင်း၊ ကြွက်သားကြီးထွားလာအောင်ပိုမိုတည်ဆောက်နိုင်ခြင်း တို့ကိုဖြစ်စေသည်။

Testosterone သည် Androgen Receptors ဟုခေါ်သည် ဟော်မုန်းပေါင်းရမည့်လက်ခံအစိတ်အပိုင်းနှင့် သွားပေါင်ပြီး ထိုreceptorမှတဆင့် ကြွက်သားတည်ဆောက်မှုကိုလှုံဆော်နိုင်သည့်အပြင် အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးနိုင်သည်။

ပုံမှန်ထက်များပြားသော Testosterone ဟော်မုန်းများ အလုပ်လုပ်နိုင်ရန် ထိုဟော်မုန်း‌သွားပေါင်းရမည့်လက်ခံအစိတ်အပိုင်းဖြစ်သည့် Androgen Receptors များကိုလည်း ခန္ဓာကိုယ်တွင်ပိုမိုထုတ်လုပ်အောင်လှုံဆော်ပေးသေးသည်။

အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးသည့်အကြောင်းအသေးစိတ်ပြန်ပြောရမယ်ဆို ထိုးလိုက်သော Testosterone သည် အဆီဆဲလ်၏မျက်နှာပြင်တွင်ရှိသည့် Androgen Receptors လက်ခံအစိတ်အပိုင်းကိုသွားပေါင်းပြီး အဆီများကိုဖြိုကွဲပြီးလောင်စာအနေနဲ့သုံးဆွဲစေသောကြောင့် အဆီများသိသိသာသာကျစေရုံမက အဆီဆဲလ်များတည်ဆောက်မှုကိုလည်းဟန့်တားပေးသည်။ ကြွက်သားတည်ဆောက်မှုမြင့်မားလာသည့်အခါ ထိုတည်ဆောက်မှုအတွက် ကယ်လိုရီများပိုမိုသုံးစွဲပြီးလောင်ကျွမ်းရသည်။

Testosterone သည် သွေးနီဥပမာဏကိုမြှင့်တင်ပေးသောကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးကာ သက်လှုံကောင်းစေပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးချိန်တွင်လည်း အလျင်အမြန်သက်သာစေသည်။

Testosterone သည် ခန္ဓာကိုယ်တွင် ကြွက်သားတည်ဆောက်မှုကိုမြှင့်တင်ပေးသော igf-1 ကိုပိုမိုထုတ်လုပ်‌စေရုံသာမက ဖြိုခွဲမှုကိုလှုံဆော်ပေးသော catabolic ဟော်မုန်းများ၏ action ကိုဟန့်တားပေးသည်။

ထိုကဲ့သို့ကြွက်သားတည်ဆောက်မှု၊ အဆီလောင်ကျွမ်းမှုကို‌လှုံဆော်ပေးနိုင်သည့်အာနိသင်များအပြင် ကြွက်သားများရှိ ‌လှုပ်ရှားမှုအာရုံကြောများကို များပြားစေသောကြောင့် ကြွက်သားများညှစ်နိုင်စွမ်းကိုမြှင့်လာစေကာ ခွန်အားကိုသိသာစွာတိုးစေသည်။ ထို့အပြင် ကြွက်သားများ၏ ဂလိုက်ကိုဂျင်သာိလောင်မှုကိုမြှင့်တင်ပေးသေးသည်။ ဂလိုက်ဂိုဂျင်သည် ပြင်းထန်စွာလေ့ကျင့်သည့်အခါ အဓိကလိုအပ်သော လောင်စာဖြစ်သည့်အတွက် ကစားအား၊ သက်လုံ ပိုမိုကောင်းလာစေသည်။

အသုံးပြုပုံ / ပမာဏ

Testosterone Enanthate ၏ ဖွဲ့စည်းမှုပုံစံကြောင့် ကြွက်သားမှတဆင့်ဆေးထိုးပြီးသည့်အခါ အဆီဆဲလ်များတွင် ဦးစွာသိုလှောင်ပြီး ထိုးပြီးနောက် ၂၄-၄၈နာရီကြာမှ သွေးထဲတွင်အမြင့်ဆုံးပမာဏကိုရောက်ပြီး သိသိသာသာ အာနိသင်ပြသည်။ ထို့နောက် ဖြည်းဖြည်းချင်းလျော့ကျသွားပြီး နှစ်ပတ်ခန့် ( Active Life )နေမှ ဆေးမထိုးခင် မူလပမာဏသို့ရောက်သည့်အတွက် နောက်ဆုံးထိုးပြီးနောက် ၂ပတ်နေမှ PCT စရမည်။

အမျိုးသားသုံးစွဲသူများ၏ရလဒ်များအရ တစ်ပတ်လျှင် 200-250mg ပမာဏဖြင့် စတင် သုံးစွဲခြင်းက side effects နည်းပြီး ရလဒ်ကောင်းရသည်ကိုတွေ့ရသည်။ အသုံးပြုသူ၏ အတွေ့အကြုံ နှင့် goalအပေါ်မူတည်ပြီးကွာခြားနိုင်သောကြောင့် ကျွန်တော်တို့နှင့် အသေးစိတ်တိုင်ပင်နိုင်ပါသည်။

Testosterone Enanthate သည် သွေးထဲတွင်ကြာမြှင့်စွာအလုပ်လုပ်သောကြောင့် မိန်းကလေးများအတွက်မသဂ့်တော်ပေ။ မိန်းကလေးများ Testosteroneသုံးမည် ဆိုပါက Testosterone Propionate သည်ပိုသင့်တော်သည်။

တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခွဲထိုးနိုင်သည်။

T-ENTBOLIN-250

K137,500.00Price
    No Reviews YetShare your thoughts. Be the first to leave a review.
    bottom of page