top of page

Sustanon

Anabolic Property - 100
Androgenic Property - 100
Estrogenic Property - Moderate
Half Life - 7-8 Days
Active Life - 21 Days
အမျိုးအစား - ထိုးဆေး ( oil based )

ကောင်းကျိုးများ

Sustanon သည် ကျားဟော်မုန်းကုထုံးအတွက် ဆေးပညာနယ်ပယ်တွင်သုံးစွဲရန် ဦးစွာထုတ်ဖော်ခဲ့သောဆေးဖြစ်သည်။ Sustanon 250တွင် propionate အမျိုးအစား 30mg၊ phenylpropionate အမျိုးအစား 60mg၊ isocaproate အမျိုးအစား 60mg၊ decaonate အမျိုးအစား 100mg အစရှိသော ကျားဟော်မုန်းအမျိုးအစား ၄မျိုးကို ရောစပ်ပြီး ထိုးထိုးပြီးချင်း ၂၄-၄၈နာရီအတွင်းအာနိသင်ပြရုံမက ထိုအာနိသင်ကို ၃ပတ်ကြာတည်ရှိနေအောင်ရည်ရွယ်ချက်နဲ့ထုတ်ခဲ့သောဆေးအမျိုးအစားဖြစ်သည်။

ကာယဗလနယ်ပယ်တွင် Sustanon ကို ထုတင်သည့်အချိန်တွင် အဓိကထားကာ dbol၊ deca၊ anadrol အစရှိသည် ဆေးများနှင့်တွဲကာအသုံးပြုလေ့ရှိသည်။

Sustanon သည် ကြွက်သားတည်ဆောက်မှုလှုံဆော်ပေးနိုင်သောဂုဏ်သတ္တိ နှင့် ယောက်ျားပီသသောသွင်ပြင်ကိုလှုံဆော်ပေးနိုင်သောဂုဏ်သတ္တိ မြင့်မာသော ဟော်မုန်းဖြစ်သည့်အတွက် အသုံးပြုသူကို ပိုမိုကြွက်သားတည်ဆောက်စေကာ သန်မာမှုကိုလည်းမြှင့်တင်ပေးသည်။

Sustanon သည် ကြွက်သားတည်ဆောက်မှုအတွက် အရေးကြီးဆုံးဖြစ်သည့် နိုက်ထရိုဂျင်မျှခြေ အပေါင်းဘက် ( Postive Nitrogen Balance ) ကိုဖြစ်စေသည်။ Postive Nitrogen Balance ဖြစ်မှသာကြွက်သာများပျက်စီးမှုကိုပြန်လည်ပြင်ဆင်နိုင်ခြင်း၊ ကြွက်သားကြီးထွားလာအောင်ပိုမိုတည်ဆောက်နိုင်ခြင်း တို့ကိုဖြစ်စေသည်။

Sustanon သည် Androgen Receptors ဟုခေါ်သည် ဟော်မုန်းပေါင်းရမည့်လက်ခံအစိတ်အပိုင်းနှင့် သွားပေါင်ပြီး ထိုreceptorမှတဆင့် ကြွက်သားတည်ဆောက်မှုကိုလှုံဆော်နိုင်သည့်အပြင် အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးနိုင်သည်။

ပုံမှန်ထက်များပြားသော sustanonတွင်ပါဝင်သော ဟော်မုန်းများ အလုပ်လုပ်နိုင်ရန် ထိုဟော်မုန်း‌သွားပေါင်းရမည့်လက်ခံအစိတ်အပိုင်းဖြစ်သည့် Androgen Receptors များကိုလည်း ခန္ဓာကိုယ်တွင်ပိုမိုထုတ်လုပ်အောင်လှုံဆော်ပေးသေးသည်။

အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးသည့်အကြောင်းအသေးစိတ်ပြန်ပြောရမယ်ဆို ထိုးလိုက်သော Sustanon သည် အဆီဆဲလ်၏မျက်နှာပြင်တွင်ရှိသည့် Androgen Receptors လက်ခံအစိတ်အပိုင်းကိုသွားပေါင်းပြီး အဆီများကိုဖြိုကွဲပြီးလောင်စာအနေနဲ့သုံးဆွဲစေသောကြောင့် အဆီများသိသိသာသာကျစေရုံမက အဆီဆဲလ်များတည်ဆောက်မှုကိုလည်းဟန့်တားပေးသည်။ ကြွက်သားတည်ဆောက်မှုမြင့်မားလာသည့်အခါ ထိုတည်ဆောက်မှုအတွက် ကယ်လိုရီများပိုမိုသုံးစွဲပြီးလောင်ကျွမ်းရသည်။

Sustanon သည် သွေးနီဥပမာဏကိုမြှင့်တင်ပေးသောကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးကာ သက်လှုံကောင်းစေပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးချိန်တွင်လည်း အလျင်အမြန်သက်သာစေသည်။

Sustanon သည် ခန္ဓာကိုယ်တွင် ကြွက်သားတည်ဆောက်မှုကိုမြှင့်တင်ပေးသော igf-1 ကိုပိုမိုထုတ်လုပ်‌စေရုံသာမက ဖြိုခွဲမှုကိုလှုံဆော်ပေးသော catabolic ဟော်မုန်းများ၏ action ကိုဟန့်တားပေးသည်။

ထိုကဲ့သို့ကြွက်သားတည်ဆောက်မှု၊ အဆီလောင်ကျွမ်းမှုကို‌လှုံဆော်ပေးနိုင်သည့်အာနိသင်များအပြင် ကြွက်သားများရှိ ‌လှုပ်ရှားမှုအာရုံကြောများကို များပြားစေသောကြောင့် ကြွက်သားများညှစ်နိုင်စွမ်းကိုမြှင့်လာစေကာ ခွန်အားကိုသိသာစွာတိုးစေသည်။ ထို့အပြင် ကြွက်သားများ၏ ဂလိုက်ကိုဂျင်သာိလောင်မှုကိုမြှင့်တင်ပေးသေးသည်။ ဂလိုက်ဂိုဂျင်သည် ပြင်းထန်စွာလေ့ကျင့်သည့်အခါ အဓိကလိုအပ်သော လောင်စာဖြစ်သည့်အတွက် ကစားအား၊ သက်လုံ ပိုမိုကောင်းလာစေသည်။

အသုံးပြုပုံ/ဆေးပမာဏ

စတင်သုံးစွဲသူများအတွက် အပတ်စဉ် ၂၀၀-၂၅၀ မီလီဂရမ် ဝန်းကျင်ဖြစ်ပြီး အသုံးပြုသူ၏ အတွေ့အကြုံ နှင့် goal အပေါ် မူတည်ပြီးကွာခြားနိုင်သောကြောင့် တိကျသော ပမာဏသိရှိရန် သင့်ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ သုံးစွဲသင့်ပါသည်။ Sustanon သည် အမျိုးသမီးများအတွက် အသုံးပြုရန် မရည်ရွယ်ပါ။

SUSTANBOLIN 250

K162,500.00Price
Quantity
    No Reviews YetShare your thoughts. Be the first to leave a review.
    bottom of page