မြန်မာနိုင်ငံကာယဗလနယ်ပယ်မှာ Steroid ကို ကာယဗလပြိုင်ပွဲဝင်သူများသာမက သာမန် Gymကစားသူများပါ တရင်းတနှီးရှိလာကြပါပြီ။
သိုပေမဲ့ SARMs လို့ခေါ်တဲ့ ဆေးအမျိုးအစားကိုတော့ ကြားဖူးသည့်သူ တော်တော်လေးနည်းပါ နေဆဲပါ။
SARMs ဆိုတာအရှင်းဆုံးနားလည်ရလွယ်အောင် ပြောရရင် Steroid လို ဂုဏ်သတ္တိရှိတဲ့ Steroid မဟုတ်တဲ့ ဆေးများလို့ အလွယ်သတ်မှတ်လို့ရပါတယ်။
I. SARMs ဆိုတာဘာလဲ
SARMs ( Selective Androgen Receptor Modulators ) ဆိုသည်မှာ ကျား ဟော်မုန်း သွားပေါင်းရမည့် ကြွက်သားများထဲရှိ Androgen Receptor ကို သွားပေါင်းကာ Steroid များကဲသို့အလုပ်လုပ်နိုင်သည့် အမျိုးအစားဖြစ်သည်။
ပုံမှန်အားဖြင့် testosterone များ သုံးသောအခါ ထို testosterone များသည် Androgen receptor ကိုသွားပေါင်းကာ ကျွန်တော်တို့လိုချင်သည့် ကြွက်သားတည်ဆောက်ခြင်းကိုဖြစ်စေသည်။ သို့ပေမဲ့ testosterone သည် ကြွက်သားထဲရှိ Androgen Receptor များကိုသာမက prostate ဟုခေါ်သည့် ဆီးကျိတ်ရှိ Androgen Receptor ကိုသွားပေါင်းနိုင်သည့်အတွက်ပြဿနာများအပြင် ဆံပင်ကျွတ်ခြင်းများကဲသို့ မလိုချင်သည့် ဘေးထွက်ဆိုးကျိုးများခံရနိုင်သည်။
SARMs ကတော့ ကြွက်သားများ( skeletal muscle ) များရှိ Androgen Receptor တစ်မျိုးထဲကိုသာ သွားပေါင်းသည့်အတွက် ကြွက်သားကြီးထွားခြင်းရလဒ်ကိုသာဖြစ်ပေါ်စေသည်။
II. SARMs နှင့် ကြွက်သားကြီးထွားခြင်း
ကာယဗလသမားများ နှင့် အားကစားသမားများ ကြွက်သားပမာဏပိုတက်လာရန်၊ ခွန်အားတက်လာရန်၊ စွမ်းဆောင်ရည် ပိုကောင်းလာရန် SARMs ကို အသုံးပြုကြသည်။ အဓိကအသုံးပြုကြသည့်ရည်ရွယ်ချက်မှာ ဘေးထွက်ဆိုးကျိုးမရှိပဲ Steroidသုံးသလို ကောင်းကျိုးရ၍ဖြစ်သည်။
SARMs များသည် Androgen Receptor ကိုပေါင်းပြီး ကြွက်သားတည်ဆောက်ခြင်းလမ်းကြောင်းကို လှုံ့ဆော်ပေးသည်။
III. SARMs Vs Anabolic Steroids
Steroid များသည် Cholesterol မှတဆင့်တည်ဆာက်ရသည်။ Testosterone နှင့် သူ၏ပုံကွဲဖြစ်သည့် Dihydrotestosterone သည် ကြွက်သားတည်ဆောက်မှုအားပြင်းသည့် Steroid များဖြစ်သည်။ ထို့ကြောင့် bodybuilderများ steroidသုံးသည့်အခါ Testosterone သည်မပါမဖြစ် ဖြစ်ပေသည်။
Testosterone များသုံးသည့်အခါ ကြွက်သားတည်ေဆာက်မှုကို လှုံဆော်ပေးသော်လည်း ဘေးထွက်ဆိုးကျိုးများစွာရှိသည်က စဉ်းစားစရာဖြစ်သည်။
ဥပမာ။ ။
ဆံပင်ကျွတ်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ သွေးတိုးခြင်း၊ အသည်းအဆိပ်သင့်ခြင်း၊ သွေးတွင်းအဆီဓာတ်မကောင်းခြင်း၊ နို့ဆူခြင်း၊ ပန်းသေခြင်း၊ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်း တို့ ဖြစ်ပေါ်နိုင်သည်။
SARMs များသုံးသည့်အခါ ကျွန်တော်တို့လိုချင်သည့် ကြွက်သားတည်ဆောက်သည့် ရလဒ်ကိုရရုံသာမက SARMs က ကြွက်သားအပေါ်မှာပဲသက် ရောက်သည့်အတွက် မလိုအပ်သော ဘေးထွက်ဆိုးကျိုးနည်းသည့်အတွက် safeဖြစ်သည့် အစားထိုး ဆေးများဖြစ်သည်။
III. SARMs နှင့် Side Effects
SARMs မှာ side effects မရှိဘူးပြောရင် ညာပြောသလိုဖြစ်မည်။ ဘာမီတွန်လို ဆေးမှာပင် side effects ရှိပေသည်။ SARMs တွင်လည်း side effects အနည်းငယ်ရှိသည်။ သို့ပေမဲ့ လောဘကြီး မသုံးစွဲပါက ရှိဖို့ရာနည်းသည်။
SARMs အမျိုးအစားတစ်မျိုးခြင်းစီ၏ အကြောင်းများ ဖော်ပြသည့်အခါ side effects များကို ရှင်းလင်းစွာထည့်ရေးပေးပါမည်။
Testosterone တို့လို Steroid နှင့် ယှဉ်ရင်တော့ SARMs သည် အဆများစွာ Safeဖြစ်သည့် ရွေးချယ်မှုဖြစ်သည်။
" Team Mega Muscle Myanmar "