နောက်ဆုံးupdate 24 May 2023
ဗားရှင်းအပြည့်အစုံ
ဒါကတော့ တကယ်ကျယ်ကျယ်ပြန့်ပြန့် သုတေသနစမ်းသပ်ထားတဲ့ ရလာဒ်တွေပါ။Bodybuilding နဲ့ပက်သတ်ပြီး အသုံးပြုပုံကိုပြောရမယ်ဆိုရင် အသေးစိတ်ရှင်းပြချက် လေးတွေရှိပါအုံးမယ်၊ များသောအားဖြင့် customer review တွေကိုကြည့်ပြီးသုံးသပ်တာပါ ဘာလို့လဲဆိုတော့ ကျွန်တော်တွေ့မြင်နေရသလောက်ကတော့ အင်တာနက်ကနေတဆင့်ပြီးတဆင့် ကော်ပီကူးယူနေကြတာတွေ့ရပါတယ် အချက်အလက်တွေတူနေတယ် ဥပမာ မော်ဒယ်ကဆံပင်မကျွတ်ဘူးလို့ပြောတာတွေပေါ့။
ဒါပေမယ့်အပေါ်က အချက်နှစ်ချက်ကို ဖတ်ပြီးတဲ့အခါ မူလအရင်းအမြှစ် ဘယ်လိုရှိလဲ - ဘာတွေအတွက်အသုံးပြုတာလဲ - အန္တရာယ်ကင်းရှင်းစွာ ဘယ်လိုသုံးရမလဲ ဆိုတာကိုနားလည်သွားမှာဖြစ်ပါတယ်။
ဒါကတော့ အကျဉ်းချုပ်ဗားရှင်းပေါ့ဗျ တကယ့်အသုံးပြုတဲ့အခါ ဆေးအမျိုးစားတခုခြင်းစီရဲ့ အသေးစိတ်ကို STACK ခေါင်းစဉ်တခုခြင်း စီဖြင့် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ AR(Androgen Receptor) အများအပြားရှိနေပါတယ် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးထဲမှာရှိနေတာပါ၊ထို့ကြောင့် AR နဲ့ Androgen နဲ(ဟော်မုန်းများ anabolic steroid များ) ရဲ့ တုံ့ပြန်မှုတွေဟာ မတူညီတဲ့ရလာဒ်များပေးပါလိမ့်မယ်။အရိုးသိပ်သည်းမှု,သန်မာမှု, ခွန်အား, ဇီဝကာမစနစ်, အရုံကြော အပါဝင်ပေါ့။
နောက်တခုက လူအများစုတွေသိတဲ့ Anabolic Steroid ဟာလဲ ပျံ့ပျံ့နှံ့နှံ့သုံးနေတာတွေ့ရပါတယ် နည်းလမ်းတကျ အန္တရာယ်ကင်းအောင်သုံးလို့ရပါတယ်လို့ သုံးသပ်ချက်တွေရှိထားပါတယ် ဒါပေမယ့် ဖြစ်လာနိုင်ခြေရှိတဲ့ဘေးထွက်ဆိုးကျိုးတွေလဲအများကြီးရှိပါတယ်။
SARMS ဟာ AR နဲ့ထိတွေ့သွားတဲ့အခါ androgen အစားထိုးရော androgen ခုခံအားရော ဖြစ်လာနိုင်အောင် တည်ထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ် Chemical က ထို AR အား ဘယ်အချက်တွင် လုပ်ဆောင်ရမလဲဆိုတာကို တိကျသောသတ်မှတ်ချက်ဖြင့်အသား၏အစိတ်အပိုင်းတခုခြင်းစီသို့ လုပ်ဆောင်ချက် ပရိုဂရမ်ချထားပြီးသားမို့လို့ပါ။
အခြေခံစမ်းသပ်ချက်တွေလဲ ရှိလာခဲ့တာကြာပါပြီး သင့်တော်သောဖွဲ့စည်းပုံကိုရှာဖွေရန် နည်းပေါင်းများစွာဖြင့် စမ်းသပချက်များရှိခဲ့ပါတယ် ဒါ့အပြင် ကျေနပ်စရာရလာဒ်က ဆိုးဝါးသောရောဂါတွေဖြစ်တဲ့ Alzheimer’s,ရင်သားကင်ဆာ,ဆီးကြိတ်ကင်ဆာ,အရိုးပွရောဂါ,ဆီးကြိတ်ကြီးခြင်း ရောဂါတွေမှာ အသုံးပြုရန်ဖြစ်နိုင်ခြေရှိလာခြင်းပါပဲ။
မှတ်တမ်းအတို
90ရာစုလောက်ကတည်းက SERMS (Tamoxifen,Nolvdex) ကို ရောဂါများကုသရာတွင်စတင်အသုံးပြုလာခဲ့ကြပါတယ် နာမည်အပြည့်ကတော့ Selective Estrogen Receptor Modulator ပါ SARMS ကတော့ Estrogen Receptor ကနေ Androgen Receptor ကိုပြောင်းသွားတာပါ ဒီလိုပြောရင် ပိုနားလည်ရလွယ်မယ်လို့ထင်ပါတယ်။
တော်တော်များများသိထားပြီးဖြစ်တဲ့ Anabolic Steroid ကိုအသုံးပြုခြင်း သို့မဟုတ် ဟော်မုန်းကိုအသုံးပြုပြီးကုသခြင်းဟာ ကောင်းမွန်သောရလာဒ်များဖြစ်ပေါ်လာစေတာရှိပေမယ့် တချိန်တည်းမှာ“တိကျတဲ့သတ်မှတ်ချက်မရှိသောကြောင့်ခန္ဓာကိုယ်အတွင်း လက်ခံနိုင်စွမ်းရှိတဲ့နေရာမှန်သမျှတွေမှာ activate ဖြစ်နိုင်တာမို့လို့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်“ ကျွန်တော်ဥပမာတခုပြရမယ်ဆိုရင် Primo ဟာ စာရွက်ပေါ်မှာရေးထားတာကတော့ androgenic ဓာတ်အရမ်းနဲသောကြောင့် ဆံပင်ကို မကျွတ်စေဘူးလို့ရေးထားပါတယ် ဒါပေမယ့် တကယ်သုံးကြည့်လိုက်တဲ့အခါ ဆံပင်တွေ ကျွတ်တာပါပဲ ဘာလို့လဲဆိုတော့ အခြေခံအားဖြင့်ဆံမြှစ်ကို တုန့်ပြန်မှုတွန်းအားပေးတာကြောင့် ဆံပင်တွေကကျွတ်တာပါ ဆံမြှစ်ကို activate တာပေါ့ ၄င်းတို့၏ တခုခြင်းစီတွင် မတူညီသော လုပ်ဆောင်ချက် ရှိတာကြောင့် မတူညီသောလက္ခဏာများဖြစ်ပေါ်တတ်ပါတယ် အချို့မှာ ဆံပင်အများအပြားကျွတ်ခြင်း၊အနည်းငယ်ကျွတ်ခြင်း၊ဝက်ခြံအများအပြားထွက်ခြင်း၊အနည်းငယ်ထွက်ခြင်း၊တချို့ဆိုလဲဝက်ခြံမထွက်ဘူး တကယ်တမ်းကျတော့ ဟော်မုန်းသုံးတယ်ဆိုတာ ဘာတွေသုံးထားလဲဆိုတာကိုလဲအကုန်လုံးသိမ်းကြုံးပြီးကြည့်ဖို့လိုသေးတယ်။
SARMS သို့မဟုတ် Anabolic Steroids တခုခြင်းစီမှာ ကွာခြားတဲ့ အာနိသင်ရှိပြီး ရာချီနှင့်မက အမျိုးမျိုးအစားစား ထုတ်လုပ်ထားပါတယ် အချို့ SARMS က anabolic steroid ဖြင့် ကြွက်သားတည်ဆောက်ရန်အတွက် အဓိကထားပြီးထုတ်လုပ်ထားပေမယ့် မိမိရဲ့နေထိုင်ပုံနဲ့အပြုအမှုတွေက ဆီးကြိတ်နှင့် အမျိုးသားမျိုးပွါးမှုစနစ်ကိုဆန့်ကျင်နေရင် ဆီးကြိတ်ကြီးခြင်းကိုကုသပြီးကြွက်သားနှင့်အရိုးကိုသာန်မာလာစေပါတယ် ပုံမှန်အားဖြင့်ဤရောဂါကိုကုသရာတွင် ကျားဟော်မုန်းကိုလျှော့ရမှာမို့လို့ ကြွက်သားနှင့်အရိုးတွေကိုအားနည်းစေပါတယ်။ SARMSထဲကဖြစ်တဲ့ MK2866, LGD4033, S23, RAD140 စသော ဆေးများဟာ
-အရိုးပွရောဂါ
-ဆီးကြိတ်ကင်ဆာ
-အမျိုးသားမျိုးပွါးမှုအားနည်းခြင်း
-Alzheimer’s
-ကြွက်သားအားနည်းခြင်း
-ရင်သားကင်ဆာ
စသောရောဂါများကို ကုသရန်အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
စမ်းသပ်လေ့လာမှုအများဆုံး ရရှိထားတဲ့ဆေးကတော့ Enobosarm သို့မဟုတ် MK2866 ပါပဲ ကင်ဆာကြောင့်ဖြစ်တဲ့ ကြွက်သားအကြောဆိုင်ရာရောဂါကို ကုသနိုင်သည်ဟု PHASE 2 အထိ စမ်းသပ်လေ့လာမှုရရှိထားပါတယ် ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့စမ်းသပ်အသုံးပြုချက်ရဲ့ရလာဒ်က ကြွက်သားတွေကိုပိုမိုတိုးပွါးစေပြီး Testosterone,LH,FSH တွေမရော့ပဲ
HDL cholesterol ကို လျှော့ကျစေပါတယ် (တခုပြောရမှာကတော့ ဤနေရာမှာသုံးစွဲတဲ့ပမာဏက 3ml လောက်ပါပဲ ကျွန်တော်တို့တွေလိုအပ်တဲ့ ပမာဏထက်အရမ်းနည်းပါတယ် ကျွန်တော်တို့က20+သုံးပါတယ် ထိုကြောင့် testosterone နှုန်းကိုနှစ်လတခါလောက်ကြည့်သင့်ပါတယ်) Testosterone ထက်အန္တရာယ်နည်းသလား?
Testosterone ၏အားသာချက်ဟာပြောင်းလွယ်ပြင်လွယ်ရှိတယ် အခြားဆေးနှင့်တွဲသုံးလို့ရတယ် ပမာဏ အကန့်အသတ်မရှိဘူး နားလည်နိုင်သလောက်သွားနိုင်ပြီး ခန္ဓာကိုယ်လက်ခံနိုင်သလောက်သုံးနိုင်ပါတယ် တခါတည်းမှာပဲ အချို့လူအုပ်စုအတွက်မသင့်တော်ပါဘူး SARMS ကပိုကောင်းမယ့်ပုံပေါ်ပါတယ် ဘာလို့လဲဆိုတော့ သူကစားသုံးခြင်းဖြင့် ခန္ဓာကိုယ်က စုပ်ယူတာဖြစ်တဲ့အပြင် Estrogen အဖြင့်လဲအသွင်မပြောင်းလဲသွားပါဘူး သို့ပေမယ့် Testosterone အစားထိုး ရာတွင် လိင်စိတ်နိုးဆော်နိုင်သည့်အချက်မှာတော့ တိတိကျကျအဖြေမရသေးပါ ဒါပေမယ့် Customer review အရ ၄င်းဆေးအမျိုးအစားတချို့ထဲက လိင်စိတ်နိုးဆော်နိုင်စွမ်းတကယ်တိုးပွါးလာတာတွေ့ရပါတယ်။ S23,MK2866,RAD140 ကဲ့သို့ ဆေးအမျိုးများဖြစ်ပါတယ်။(ဒါပေမယ့် လိင်စိတ်နိုးဆော်နိုင်စွမ်းပိုမိုတိုးပွါးခြင်းနှင့် လက်ရှိ Testosterone နှုန်းကဘာမှမဆိုင်ပါဘူး) သုံးစွဲသူတွေရဲ့ပြောဆိုချက်နဲ့အတွေအကြုံတွေထဲကကောက်ချက်ချလိုက်တာပါ။
အခုနောက်ပိုင်း မြင်တွေ့ရသလောက် ဤဆေးကိုသုံးစွဲသူတွေဟာ တကယ့် bodybuilder တွေချည်းပဲမဟုတ်တော့ပဲ ကြွက်သားကို အနည်းငယ်လောက်ပဲ တက်စေချင်ပြီး အသားအရည်တွေမပျက်စီးပဲချောမောလှပနေစေချင်သေးတာနဲ့ အသုံးပြုရလွယ်တာမျိုးကိုလိုအပ်နေတဲ့ လူအုပ်စုတွေထဲကလဲ စတင်အသုံးပြုလာတာကိုတွေ့မြင် နေရပါတယ်။ကျွန်တော့်အမြင်ပြောရရင် အားသာချက်ကတော့ သူတို့ရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးသည့်အပြင် Anabolic steroids နဲ့စာရင်ဟော်မုန်းစနစ်ကို ထိခိုက်မှုပိုမိုနဲပါးတာကြောင့်ပဲဖြစ်ပါတယ်။ဒါ့ကြောင့် ထိုးဆေးမသုံးဘူးဆိုရင် Anabolic Steroid ဖြစ်တဲ့ Anavar ကဲ့သို့ဆေးအမျိုးအစားကိုမေ့လိုက်ပါ SARMS အစားထိုးသုံးတာပိုကောင်းပါတယ်။
တချို့ကျတော့ Testosterone ကိုအသုံးပြုပြီးကျေနပ်တဲ့ရလာဒ်ရလာလို့ ပမာဏထပ်တိုးချင်တယ် ဒါပေမယ့် Anavar,primo စသော ခန္ဓာကိုယ်ရောင်ရမ်း ခြင်းမရှိတဲ့ဆေးများသုံးလိုက်တဲ့အခါ ဆံပင်တွေကျွတ်လာတယ်Dbol Deca စသောအချို့အမျိုးအစားတွေကျတော့လဲ ခန္ဓကိုယ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ် တချို့ကျတော့လဲ စမ်းသပ်တဲ့အချိန်မှာဘာမှမဖြစ်ပေမယ့် အခြားဆေးထပ်သောက်တဲ့အချိန်မှာပြသနာဖြစ်ပါတယ် အဲ့ဒါကြောင့် SARMS ကိုအစားထိုးသုံးလို့ရပါတယ်။
ဆေးပမာဏရဲ့ ml အတိုင်းတာ အရတိုင်းမယ်ဆိုရင် သေချာတာကတော့ ဆေးအလုံးတွေအထက် အသဲကိုထိခိုက်နိုင်ခြေပိုနဲပါးပါတယ် နောက်တခုက SARMS capsule တွေဟာ 95% အထက်ထိ ခန္ဒာကိုယ်ကစုပ်ယူနိုင်စွမ်းရှိပါတယ်။
နောက်ဆုံးထပ်ပြော ချင်တာကတော့ Anabolic Steroid ဟာမကောင်းတာမဟုတ်ပါဘူး တချို့အမျိုးအစားတွေကကောင်းပါတယ် Trenbolone, Deca (Nandrolone)စသောဆေးတွေဆို သုံးစွဲတဲ့သူတွေကကြိုက်တယ်ဆိုရင် ဘယ်အရာကမှအစားထိုးလို့မရပါဘူး ဥပမာ Halo Tren စသောဆေးတွေဆိုရင်သီးခြားတဲ့အစွမ်းရှိတာမို့လို့ ဘယ်ဆေးမှအစားထိုးလို့မရပါဘူး ဒါပေမယ့်ကျွန်တော့်အမြင်ကတော့ လူအများစုကထိုဆေးကိုသိပ်မသုံးချင်ကြပါဘူး အစပိုင်းဘာသုံးရမှန်းမသိလို့ရွေးချယ်မှုတခုအနေနဲ့သုံးကြတာပါ ဘာလို့လဲဆိုတော့ ခန္ဒာကိုယ်လှပချင်တဲ့လူတွေတချို့က နောက်ဆုံးတော့ Trenboloneကိုပဲသုံးကြတော့တာပဲဆိုတော့ကကျွန်တော်ကအကုန်ရောင်းတယ်ဗျာ