ကာယဗလသမားတိုင်းသိကိုသိရမဲ့ PCT သို့မဟုတ် ဖြေဆေး
PEDsတွေထဲမှာ Steroids အမျိုးအစားကို သောက်ဆေးပဲသောက်သောက် ထိုးဆေးပဲသုံးသုံး PCT ( Post Cycle Therapy ) ကို သေချာပေါက် လုပ်ဖို့လိုပါတယ်။
အများစုသိထားတာက ဖြေဆေးဆိုပြီးသိကြပါတယ်။
ဒါပေမဲ့ အများစု မှားနေကြတာက ဖြေဆေးဆိုပြီး Vitamins အမျိုးမျိုးကို PCTအတွက်သုံးနေကြတာပါပဲ။
PCTရဲ့ရည်ရွယ်ချက်က side effects တွေကို ဖြေ ပေးဖို့ မဟုတ်ပါ။
သူရဲ့အဓိကရည်ရွယ်ချက်ကိုမပြောခင်မှာ Steroids သောက်ဆေးပဲဖြစ်ဖြစ် ထိုးဆေးပဲဖြစ်ဖြစ် သုံးရင် ကြုံကိုကြုံရမဲ့ side effects တစ်မျိုးကိုပြောပါမယ်။
အဲ့တာကတော့ HPT axis လို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း testosterone ထုတ်တဲ့လမ်းကြောင်းကိုသွားတားတာပါ။
ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ထုတ်နိုင်တဲ့ testosterone နှင့်testosteroneကနေပြောင်းလဲထားသောပုံစံကွဲဟော်မုန်းများကို သုံးတဲ့အခါမှာ ခန္ဓာကိုယ်က HPT axis ကို negative feedback လို့ခေါ်တဲ့ ထုတ်လုပ်မှုကို လျော့ချဖို့ လှမ်းအချက်ပြပါတယ်။
ထိုအခါ GnRH လို့ခေါ်တဲ့ထုပ်လုပ်မှုကိုလျော့ချလိုက်ပါတယ်။ ထို့လျောချခြင်းက Testosterone ထုပ်လုပ်ရန်လိုအပ်သည့် FSH, LH ဆိုသည့် ဟော်မုန်းနှစ်မျိုး၏ ထုပ်လုပ်မှုကို လျော့ကျစေပြန်ပါတယ်။
ထိုကဲ့သို့ ကိုယ်တွင်း testosterone ထုပ်လုပ်မှုကို အရင်လိုပြန်ဖြစ်နိုင်ရန် PCTလုပ်ရန်လိုပါတယ်။
PCTမလုပ်ပါက
၁. လျော့ကျနေသည့် သဘာဝအတိုင်း ကိုယ်တွင်း testosterone ထုပ်လုပ်မှုကို ပြန်ရောက်ရန် သုံးသည့်ဆေးအမျိုးအစား၊ ပမာဏ၊ သုံးစွဲသည့်ကာလပေါ်မူတည်၍ ၆လ မှ ၁နှစ်ကျော် စောင့်ရခြင်း
၂. ကိုယ်တွင်း testosterone ထုပ်လုပ်မှုရပ်တန့်သွားခြင်း
၃. လိင်စိတ်လျော့ကျခြင်း
၄. ပန်းသေခြင်း
၅. ကြွက်သားများသိသိသာသာလျော့ကျခြင်း
၆. သုတ်ပိုးပမာဏလျော့ကျခြင်း
၇. ဝှေးစေ့ကျုံ့ကာသေးလာခြင်း
ထိုအချက်တွေကိုမကြုံလိုရင် PCTလုပ်ပါ။ PCTလုပ်ခြင်းက ၆လ ၁နှစ် စောင့်ရမည့် သဘာဝအတိုင်း ကိုယ်တွင်း Testosterone ထုပ်လုပ်နိုင်စွမ်း ၁-၂လ အတွင်း ပြန်ရောက်အောင် လုပ်ပေးနိုင်ပါတယ်။
PCT မှာ ဘယ်ဆေးတွေကိုသုံးကျလဲ
၁. Clomid ( Clomifene Citrate )
၂. Nolvadex ( Tamoxifen Citrate )
၃. HCG ( Human Chorionic Gonadotropin )
တစ်ယောက်နှင့်တစ်ယောက် သုံးသည့်ဆေးအမျိုးအစားပေါ်မူတည်၍ PCTစရမည့် အချိန်ကွာနိုင်သည်။ သုံးဆွဲသည့်ပမာဏပေါ်မူတည်၍ PCTလုပ်ရမည့် အချိန်ကာလ ကွာခြားနိုင်သည်။
ထို့ကြောင့် သုံးစွဲပုံ planကိုတော့ ကျွမ်းကျင်သည့် ဆရာဝန် နှင့် တိုင်ပင်ပါ။ သို့မဟုတ် Mega Muscle Team နှင့် ဆက်သွယ်ပါ။
" Mega Muscle Team "